Friday, November 21, 2014

ဂျပန်နိုင်ငံ၏ ပြန်လည်ထူထောင်ရေးခေတ်...မီဂျီ

မီဂျီပြန်လည်ထူထောင်ရေးခေတ် တိုဂူဂါဝါစစ်ဘုရင် စနစ်တွင် အားနည်းချက်များစွာရှိသော်လည်း ၁၉ရာစုပထမနှစ်၅၀အတွင်းပြိုကွဲမည့် အရိပ်အယောင်လုံးဝမရှိခဲ့ပေ။ အကယ်၍ ဂျပန်သည် သူ၏အထီးတည်းတည်ရှိမှုကိုသာ ဆက်လက် ထိန်းသိမ်းနိုင်ခဲ့မည်ဆိုလျှင် နောင်ရာစုနှစ်ပေါင်းများစွာ ၎င်းစနစ်တည်တံ့နေပေလိမ့်မည်။ သို့သော် အနောက်နိုင်ငံများတွင်နည်းပညာအံ့မခန်းတိုးတက်လာမှုက ဂျပန်၏တံခါးပိတ်အထီးကျန်စနစ်ကိုစိန်ခေါ်ခဲ့ပေသည်။ ၁၇ရာစုကဥရောပသားများ၏ကျူးကျော်မှုကို တိုကူဂါဝါများက အောင်မြင်စွာတိုက်ထုတ်နိုင်ခဲ့သော်လည်း စက်မှုတိုးတက်ဖွံ့ဖြိုးလာမှုနှင့်ရေနွေးငွေ့အင်ဂျင်စက်များတီထွင်နိုင်မှုက အနောက်နိုင်ငံများ၏စီးပွါးရှေုးနှင့်စစ်လက်နက်အင်အားကိုမယှဉ်သာအောင်မြင့်မားစေခဲ့လေသည်။

About Us



ထူးချွန်ထက်မြက်သူများစုဝေးရာလို့အများထင်မြင်လက်ခံယူဆထားတဲ့နေရာကိုအလွယ်တကူပြောရရင်ICoE ( International Centre of Excellence) လို့ပဲပြောရမယ်ဖြစ်ပါတယ်။နယ်ပယ်ကဏ္ဍအသီးသီးကထူးချွန်ထက်မြက်တဲ့လူငယ်လူရွယ် (၂၆) ယောက်ကိုရွေးချယ်ပြီးနိုင်ငံတကာဆက်ဆံရေးပညာ၊ခေတ်ပြိုင်နိုင်ငံ ရေးအခြေအနေများနှင့်စီးပွားရေးစီမံချက်များကိုရန်ကုန်တက္ကသိုလ်နှင့်အမေရိကန်နိုင်ငံ Johns Hopkins University တို့ပူးပေါင်းသင်ကားလေ့ကျင့်ပေးခဲ့ပါတယ်။သင်တန်းကာ၁၁လကြာမြင့်ပြီးဘာသာရပ် (၁၄) ခုကို အမေရိကန်နိုင်ငံ Johns Hopkins University ၊ Australia နိုင်ငံ Australia National University and Murdoch University၊ နှင့် ထိုင်းနိုင်ငံChulalongkorn University စသည်တို့မှပါမေက္ခများကသင်ကားပို့ချပေးခဲ့ပါတယ်။
ခုဒီဘလော့ဂ်လေးကတော့ICoE ( 2013-2014) သင်တန်းသားများရဲ့မိမိတို့သင်ယူလေ့လာခဲ့သမျှလေးတွေကိအများပြည်သူညီအကိုမောင်နှမများကိုလက်ဆင့်ကမ်းမျှဝေချင်တဲ့စေတနာများနဲ့တည်ထောင်ခဲ့ကခြင်းဖြစ်ပါတယ်။ ပါဝင်ရေးသားကြသော Aluminiအဖွဲ့သူအဖွဲ့သားများနှင့် လာရောက်ဖတ်ရှုကြတဲ့ ညီအကိုမောင်နှမများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။ ဒီဘလော့ဂ်လေးကနေတစ်စုံတစ်ခုသောအသိအမြင်ဗဟုသုတကို ပေးဝေနိုင်တယ်ဆိုရင် အတိုင်းမသိဝမ်းသာစရာပါ။ အကြံပေး ဝေဖန်အားပေးမှုများကို ကြိုဆိုလျှက်